Coordinated Universal Time
မူလအချိန်စံ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းမှ အချိန် နာရီတို့အား ဖော်ပြသည့် အဓိက စံနှုန်းဖြစ်သည်။ အတိုကောက် UTC ဟုသုံးနှုန်းသည်။ ယင်းသည် ဂရင်းနစ်စံတော်ချိန်နှင့် များစွာနီးစပ်သည်။ ကမ္ဘာ့အနောက်ဘက်အကျဆုံးဒေသတွင် UTC -12 အားအသုံးပြုပြီး အရှေ့ဘက်အကျဆုံးဒေသ၌ UTC +12 အား အသုံးပြုသည်။ မြန်မာနိုင်ငံအတွက်မူ UTC +06:30 ဖြစ်သည်။
UTC အား အင်တာနက်မှ ကွန်ပျူတာများနှင့် ဆာဗာများ အဓိကထား၍ အသုံးချသည်။ UTC အားအသုံးချ၍ အင်တာနက်ပေါ်မှ ကွန်ပျူတာအချင်းချင်း ချိန်ကိုက်တပြေးညီ အချိန်အား ရယူရန် ဖြစ်သည်။ ထို့အပြင် လေယာဉ်ပျံသန်းခြင်း ယာဉ်သွားလာရေးစနစ်များအတွက်လည်း UTC အား တွင်ကျယ်စွာ အသုံးချကြသည်။ အကြောင်းမှာ ဂရင်းနစ်စံတော်ချိန်ထက် ပိုမိုတိကျသောကြောင့်ဖြစ်သည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |