မသုဓမ္မစာရီ
ပုံပန်းသွင်ပြင်
မသုဓမ္မစာရီ စာအုပ်အဖုံး | |
စာရေးသူ | မိုးမိုး (အင်းလျား) |
---|---|
နိုင်ငံ | မြန်မာ |
ဘာသာစကား | မြန်မာဘာသာ |
ထုတ်ဝေအမှတ် | ၂ |
အမျိုးအစား | |
ထုတ်ဝေသူ | အင်းလျားစာပေ[၂] |
ထုတ်ဝေသည့်ရက် | ၁၉၈၂ ဖေဖော်ဝါရီ (ပထမအကြိမ်) ၁၉၉၉ ဒီဇင်ဘာ (ဒုတိယအကြိမ်)[၁] |
စာမျက်နှာ | ၂၆၅ (ဒုတိယအကြိမ်)[၂] |
မသုဓမ္မစာရီသည် ဆရာမ မိုးမိုး (အင်းလျား)၏[၃] ဘဝသရုပ်ဖော် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။[၄] ၁၉၉၄ ခုနှစ်တွင် ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခံရသည်။[၅] ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလတွင် အင်းလျားစာပေက ပထမဆုံး ပုံနှိပ်ထုတ်ဝေသည်။[၆] ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယအကြိမ် ထွက်ရှိခဲ့သည်။
အဓိကဇာတ်ကောင်
[ပြင်ဆင်ရန်]- မသိန်းမြ (ခ) မသုဓမ္မစာရီ
- ဒေါ်ငွေမှုံ၊ မသိန်းမြအမေ
- ဦးသောင်းဖေ၊ ဒေါ်ငွေမှုံ၏ တတိယမြောက်ခင်ပွန်း၊ မသိန်းမြ၏ ဦးလေး
- ကိုလှခိုင်၊ မသိန်းမြ၏ ခင်ပွန်း
- ဒေါ်ရွှေမှုံ၊ ဒေါ်ငွေမှုံ၏ အစ်မ၊ မသိန်းမြ၏ ကြီးတော်
- ထွေးစိန်၊ မသိန်းမြ၏ သူငယ်ချင်း
- စိန်သောင်း၊ ဦးသောင်းဖေနှင့် ဒေါ်ငွေမှုံတို့၏ သား
ရုပ်ရှင်
[ပြင်ဆင်ရန်]မသုဓမ္မစာရီဝတ္ထုကို အခြေခံကာ ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးသည့် မသုဓမ္မစာရီ ရုပ်ရှင်သည် ၁၉၉၄ ခုနှစ်တွင် ရုံတင်ခဲ့သည်။[၇] မို့မို့မြင့်အောင်က မသုဓမ္မစာရီအဖြစ် သရုပ်ဆောင်ခဲ့ရာ ၁၉၉၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု) ကို ဆွတ်ခူးခဲ့သည်။[၈] အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကိုလည်း ထိုရုပ်ရှင်မှ ကိုကိုဌေး (ထိပ်တန်း) က ရရှိခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Save The Library in Myanmar | Author. မိုးမိုး(အင်းလျား)။
- ↑ ၂.၀ ၂.၁ မသုဓမ္မစာရီ – Pann Satt Lann Books။
- ↑ "မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် ကျင်းပရန်အတွက် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကျင်းပမည်" (in my-MM)၊ myanmar.gov.mm။ 26 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 21 August 2021။
- ↑ "စာရေးဆရာမ မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့ မြန်မာစာပေ နှင့် အနုပညာပွဲတော် ကျင်းပမည်"၊ The Irrawaddy၊ 24 October 2019။
- ↑ "မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကျင်းပ" (in my)၊ MDN - Myanmar DigitalNews။
- ↑ "ရေဆန်လမ်းကို နင်းဖြတ်ဦးမည့် စာအုပ်ဥယျာဉ်လေး" (in my)၊ The Voice Journal။ 26 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 21 August 2021။
- ↑ "မိုးမိုး(အင်းလျား)၇၅နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ နှုတ်ခွန်းဆက် စကားပို့"၊ The Irrawaddy၊ 25 October 2019။
- ↑ "သားတပည့်ဖြစ်သူ ကျော်ထက်ဇော်အား သင်ကြားပေးရခြင်းကို အားရကျေနပ်မှုရှိကြောင်း မို့မို့မြင့်အောင် ပြောကြား" (in my)၊ MDN - Myanmar DigitalNews။
- ↑ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းမှတ်တမ်း။ Myanmar Motion Picture Organization။ 26 August 2021 တွင် ပြန်စစ်ပြီး။