Elio Todd

Elio Todd

Favorite films

  • The Pursuit of Happyness
  • Three Colours: Red
  • Before Sunrise
  • Casablanca

Recent activity

All
  • 14 Peaks: Nothing Is Impossible

  • Nostalgia

    ★★★★★

  • Solaris

    ★★★★

  • The Seventh Seal

    ★★★★★

Recent reviews

More
  • Nostalgia

    Nostalgia

    ★★★★★

    ဒီရုပ်ရှင်ဟာ Italy မှာရိုက်ထားတယ်ဆိုပေမယ့် မြင်နေကျတွေ့နေကျ ပုံစံနဲ့မဟုတ်ဘူး။ အရာရာက စိတ်ကူးယဉ်ဆန်ဆန်လှပမနေဘူး။
    ဒါပေမယ့်ဒီရုပ်ရှင်ဟာ Russian Film-maker Andrei Tarkovsky ရဲ့ masterpiece တစ်ခု။ စာကောင်းကောင်းတော့မရေးတတ်ပေမယ့် ရင်ထဲမှာတော့တော်တော်ကျန်ခဲ့တဲ့ရုပ်ရှင်တစ်ခုပါ။ရုရှားလူမျိုးကဗျာဆရာတစ်တယောက်ဟာ အီတလီမှာနေခဲ့တဲ့ ရုရှား composer တစ်ယောက်ရဲ့ဘဝ အကြောင်းကို research လုပ်ဖို့လာတဲ့အကြောင်းပါ။ အီတလီ ဘာသာပြန်ကောင်မလေးတစ်ယောက်လည်းပါတယ်။

    ဒါပေမယ့် ပျင်းနေလို့ဘာကားကြည့်ကောင်းလဲဆိုတဲ့လူတွေအတွက်တော့ သိပ်ကောင်းမယ်မထင်ဘူးဗျ။ ဘာလို့ဆို ဒီကားဟာ ဖျော်ဖြေမှုတစ်ခုထက်ပိုတယ်။ ခင်ဗျားကိုကဗျာရှည်ကြီးတစ်ပုဒ်ကို ဆွေးဆွေးမြည့်မြည့်ဖတ်ပြနေသလိုပဲ။ Nostalgiaဆိုတဲ့အတိုင်းပါပဲ။

    ရုပ်ရှင်ကြည့်တဲ့လူအမျိုးမျိုးရှိတယ်။ ဖျော်ဖြေမှုလိုချင်ကြလို့ကြည့်ကြတယ်။
    တစ်ခုခုပြန်လိုချင်ကြတယ်။ ခံစားချင်ကြတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝကြီးက မပေးနိုင်တာကို ရုပ်ရှင်ထဲမှာရှာဖွေကြတဲ့လူတွေရှိတယ်။ အဲ့အရသာကို နှစ်ခြိုက်စွာခံစားကြတယ်။ ခုံမင်တယ်။ ဒါဟာရုပ်ရှင်ကြည့်ရတဲ့လူတော်တော်များများရဲ့ခံစားချက်လို့ထင်တယ်။ ဘဝတွေကမပြည့်စုံလို့ရုပ်ရှင်တွေကြည့်ကြတာပဲ။ ဒါပေမယ့် ရုပ်ရှင်တွေဟာ လက်တွေ့နဲ့ အရမ်းနီးစပ်သွားတဲ့အခါ ဖျော်ဖြေမှုတစ်ခုသက်သက်မဟုတ်ကြတော့ဘူး။
    လက်တွေ့မဆန်တာကိုအကောင်းဆုံးတင်ဆက်နိုင်ရင်လဲ ရုပ်ရှင်ကောင်းတစ်ခုပဲ။
    လက်တွေ့ဆန်တာကိုအကောင်းဆုံးတင်ဆက်နိုင်ရင်လည်း ရုပ်ရှင်ကောင်းတစ်ခုပဲ။
    ကျွန်တော့အတွက်တော့ရုပ်ရှင်တွေကဖျော်ဖြေမှုသက်သက်မဟုတ်ဘူး။
    ဒီရုပ်ရှင်ဟာ လက်တွေ့ဘဝကိုတော်တော်လေးထင်ဟပ်တယ်ထင်မိတယ်။

  • Solaris

    Solaris

    ★★★★

    Solaris(1972)
    ဒီရုပ်ရှင်ဟာ ဆရာကြီး Andrei Tarkovskyရဲ့ science fiction drama လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။၁၉၆၈ ခုနှစ်မှာ ဆရာကြီးဟာ ဒီရုပ်ရှင်ကိုရိုက်ဖို့အတွက် Stainslaw Lem's ရဲ့ Solaris(1962) ဝတ္ထုကနေ inspireရခဲ့ပါတယ်။ အဲ့အချိန်မှာ သူရှေ့ကရိုက်ခဲ့တဲ့ Andrei Rublev (1966) ကလည်းမထွက်သေး၊ နောက်ပြီး A White, White Day ဆိုတဲ့ရုပ်ရှင် (နောက်ပိုင်း ၁၉၇၅မှာ The Mirror အနေနဲ့ထွက်ရှိခဲ့တဲ့ရုပ်ရှင်)ဟာလည်း reject ထိခံထားရတာကြောင့် ဒီရုပ်ရှင်အတွက် ငွေလိုနေခဲ့တဲ့အချိန်ပါ။ ဒီရုပ်ရှင်အတွက် တွန်းအားနောက်တစ်ခုက science fiction genre ကို သူ့ရဲ့ cinematic language တွေ၊ symbols တွေနဲ့ပေါင်းစပ်ပြီး emotional depth ဖြစ်တဲ့ poetic film တစ်ခုအဖြစ်ပြောင်းလဲချပြချင်တဲ့ဆန္ဒပဲဖြစ်ပါတယ်။ အဲ့အချိန်မှာ ထွက်ရှိပြီးဖြစ်တဲ့ Stanley Kubrick'sရဲ့ 2001:Space Odyssey ဟာလည်းသူ့အတွက်အဆင်မပြေခဲ့ဘူးထင်ပါတယ်။ phoney ဖြစ်တယ်တို့၊ comic book လိုပဲတို့၊
    ''For a true work of art, the fake must be eliminated,…

Popular reviews

More
  • Mirror

    Mirror

    ★★★★★

    တကယ်အိပ်ရေးဝမှ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ။
    The mirror ဟာ Tarkovsky ရဲ့ ဂန္တဝင်ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဆရာကြီးရိုက်တဲ့ရုပ်ရှင်တွေဟာ သူ့ဘဝနဲ့တစ်နည်းတစ်ဖုံ ဆက်နွယ်နေတာ သူ့ကိုရင်းနှီးသူတိုင်း သိကြမှာပါ။ ၁၉၇၂ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က Tarkovsky ရဲ့ ဒိုင်ယာရီ ထဲမှာ အခုလိုရေးခဲ့ပါတယ်။

    " For many years I have been tormented by the certainty that the most extraordinary discoveries await us in the sphere of Time. We know less about time than about anything else. "

    အချိန်ရယ်၊ အိပ်မက်တွေရယ် မှတ်ဉာဏ်တွေရယ်ဟာ သူ့ ရုပ်ရှင်တွေရဲ့ စတင်မြစ်ဖျားခံရာ တွေဆိုလည်း မှားမယ်မထင်ပါဘူး။

    ဒီရုပ်ရှင်မှာ အဓိက အချက်နှစ်ချက်ရှိတယ်။ ဆရာသမားရဲ့ favorite themes တွေထဲကတစ်ချက်ဖြစ်တဲ့ memories နဲ့ သူ့အတွက်အမြဲတမ်း တွေးစရာတွေပေးတဲ့ time ပါ။ နောက်တစ်ခုက မတူညီတဲ့…

  • The Sacrifice

    The Sacrifice

    ★★★★★

    ဒီရုပ်ရှင်ကိုကြည့်ဖို့ ၂ရက်လောက်အချိန်ယူခဲ့ရတယ်။
    တစ်ခြားလူတွေတော့မသိဘူး။ Tarkovsky ရုပ်ရှင်တွေကို အပြည့်အဝမဟုတ်တောင်ကိုယ်လက်လှမ်းမှီသလောက် ခံစားဖို့ ကျတော့်အတွက်တော့ (အားမွေးရတယ်)ပေါ့ဗျာ။

    ဒီရုပ်ရှင်ကိုကြည့်ဖို့အတွက် Tarkovsky ကိုအရင်ဆုံးနည်းနည်းပါးပါးရင်းနှီးနေဖို့လိုမယ်ထင်တယ်။ အတော်များများသိတဲ့အတိုင်း Andei Tarkovsky ဟာရုရှား Film director, screenwriter, film theorist တစ်ယောက်ပါ။ သူ့ရုပ်ရှင်တွေတိုင်းဟာ entertainment ထက် art work တစ်ခုကို ခံစားနေရသလို၊ ကဗျာတစ်ပုဒ်ကိုဖတ်နေရသလို ပါပဲ။ သူ့အဖေကိုယ်တိုင်က ရုရှားကဗျာဆရာတစ်ယောက်ပါ။ သူ့ရုပ်ရှင်တွေမှာ character တွေထက် ပိုပြီးသတိထားမိတာက သူ့ရဲ့ cinematic language တွေပါ။ မိုးစက်တွေတဖွဲဖွဲကျနေမယ်၊ ရေကန်တွေ၊ ရေအိုင်တွေ၊ စိုထိုင်းထိုင်း အုံ့မှိုင်းနေတဲ့ ရှုခင်းတွေ၊ ယိုင်နဲ့နဲ့ အိမ်အိုတွေ၊ အဆောက်အအုံဟောင်းတွေ၊ လေထန်နေတဲ့မြက်ခင်းပြင်တွေ၊ နွားနို့ခွက်တွေ၊ ခေါင်းလောင်းတွေ၊ မြူထနေတဲ့တောအုပ်တွေ၊ ခွေးတွေ၊ ငှက်တွေ၊ ကလေးတွေ၊ အိပ်မက်တွေ စိတ်ကူးယဉ်မြင်ယောင်တာတွေကို black and whiteသုံးပြီးပြတတ်တာတွေ၊၊ ရှင်းလင်းနေတဲ့အိပ်ခန်းတွေ၊ ပြီးတော့ မီးတောက်တွေပါ။ ဒါတွေကသူ့ရုပ်ရှင်တွေကြည့်ဖူးသူတိုင်း ရင်းနှီးနေကျဖြစ်မှာပါ။ ဒီ symbolတွေဟာ ကြည့်ရှုသူရဲ့ စိတ်ကိုအတော်လေး fascination ဖြစ်စေတယ်။ ကိုယ်မသိလိုက်ပဲကိုယ်ဟာ ညှိ့ယူခံလိုက်ရသလိုပါပဲ။ သူ့ရဲ့ filmography တွေထဲမှာကိုယ်ဟာ ပန်းချီပြခန်းတစ်ခုထဲရောက်နေသလိုခံစားလာရပါတယ်။ arts…

Following

13