smilin thru the chaos, drownin in the silence
Favorite films
Recent activity
AllRecent reviews
More-
Manchester by the Sea 2016
မငိုပြတတ်သူတွေရဲ့ မျက်လုံးထဲမှာလည်း
ရီဝေမတက်လာတဲ့ မျက်ရည်စက်တွေ
ရှိပါတယ်။
ဒီလိုပဲ သူတဖက်သား စိတ်မကောင်းဖြစ်မှာလို့
မပြောပြလိုက်ရတဲ့ အစိုင်အခဲတွေက
ထုနဲ့ထည်နဲ့ ပိုမိုမာကျောဖို့ ဖြစ်လာခဲ့တယ်။
ဒီအစိုင်အခဲတွေကို မသိုဝှက်နိုင်တဲ့အထိ
နာကျင်ရတဲ့အခါမျိုးမှာ တယောက်ယောက်
မြင်တွေ့သွားပြီး ကောက်ချက်ချတယ်။
ဪ သိပ်မာကျောတဲ့သူပါလားတဲ့။
အင်းပေါ့ အင်းပေါ့ ဒီလိုပဲ မြင်မှာပေါ့။
ကိုယ်ပေါ်မှာ သူများတွေ ရေးထိုးထားပေးတဲ့
တံဆိပ်တွေ အများအပြား စွန်းပေနေတယ်။
ဘာလို့ အဲ့လိုလူမျိုးဖြစ်နေတာလဲဆိုတဲ့မေးခွန်းကို
ဘယ်ဟာက ဘာလို့ဖြစ်တယ်ဆိုတာ
အရက်ခွက်ထဲက အရက်လက်ကျန်ကို
လည်ထွက်အောင် လှည့်ပြီး ဖွဖွပြုံးရင်း မဖြေနိုင်သ၍
သူကလည်း အနာဖေးတွေအောက်က
မတိတ်နိုင်တဲ့သွေးတွေ ဖြဲကြည့်လို့ မမြင်သ၍
ဒါဟာ ကိုယ်သယ်ဆောင်သွားရမှာပဲလေလို့ တွေးယူရုံပဲ။
ဒီလိုပဲ နာကျင်ခဲ့ရတဲ့အကြောင်းတွေကို
ရှည်ရှည်ဝေးဝေး မပြောချင်တောတဲ့အခါ
အေးဆေးပါဆိုပြီး လက်မထောင်ပြလိုက်တာပဲ။
မငြီးငြူတဲ့သူတွေရဲ့ အတွေးထဲမှာလည်း
ပူပန်မှု တခုနှစ်ခုတော့ ရှိတာပဲ။
လန့်နိုးရတဲ့ မနက်ခင်းတိုင်းမှာ နေမပေါက်သေးခင်
ဝင်နေတတ်တဲ့ စာရှည်တွေ စိတ်ချမ်းမြေ့စရာတွေ
ပါလာတတ်တာမှ မဟုတ်တာ။
ကျူးလွန်ဖို့အတွက် တောင်းပန်စကားတွေ
ဘယ်လောက်အမြောက်အများ ကြားခဲ့ဖူးပါသလဲ။
ကြားလည်းကြားဖူး ပြောလည်းပြောဖူးသူအတွက်
မှောင်မဲတဲ့ နေ့ရက်တွေ မဟုတ်တောင်
ကြာရှည်တဲ့ ထပ်ခါကျော့မှုများဟာ
ဘဝကို… -
Popular reviews
More-
The Breakfast Club 1985
sometimes I think it’s crazy teens will never be like this ever again, this deep and unique to themselves
Translated from by -