Favorite films
Don’t forget to select your favorite films!
Don’t forget to select your favorite films!
This review may contain spoilers. I can handle the truth.
#Written in Burmese Language
ကျမ မရွေးချယ်ခဲ့တဲ့ ဘဝမှာ
ကခုန်တာကို အသက်တမျှ မြတ်နိုးခဲ့ရ
သံယောဇဉ်တွေ ကျမမှာ တပုံတပင်မရှိပါဘူး
သူ့နားမှာ နေရခြင်းကိုသာ မွေ့လျော်ရသူပါ
သံယောဇဉ်ကို အမျိုးအစား မခွဲခြားနိုင်ခဲ့
ကျမတို့ အမြဲအတူနေရအောင်ပါ
ကျမတို့ အတူတူ ကပြရအောင်ပါ
ရှင်က ဘုရင် ကျမက ရှင့်မိဖုရား
ဒီထက် အရေးကြီးတာ ဘာရှိဦးမလဲ မောင်ရယ်
အောင််မြင်မှုတွေ အတူတူ သိမ်းပိုက်ကြမယ်
လောကဇာတ်ခုံပေါ်က ကကွက်တွေက
ကျမ အနုပညာထက် နက်နဲနေတယ် မေမေရယ်
ကျမ နာကျင်ရတယ် ကျမ ခံစားခဲ့ရတယ်
ကျမ ငိုကြွေးခဲ့ရတယ်
လူတွေဟာ သိပ်အရောင်များတာပဲ
သူ့အနားက မိန်းကလေးဟာ ကျမ အသည်းကို ဟက်တက်ကွဲအောင် စွမ်းဆောင်နိုင်သူပေါ့
ကျမ ဘာတွေများ တတ်နိုင်တော့မှာလဲ
အနုပညာ ဇာတ်ခုံပေါ်မှာတောင် ကျမဟာ ရှင့်အလိုကျပါ ရှင်ထွက်သွားလည်း တားခွင့်မရှိခဲ့သူပါ။
ကခုန်တဲ့ စည်းချက်တိုင်းမှာ
သီဆိုတဲ့ သီချင်းတွေကြားမှာ
ပရိတ်သတ်ဆိုတာကို တန်းစားမခွဲနိုင်ခဲ့
ကျမ ဖျော်ဖြေတာ ကြည့်ပါ ဒါကျမ ပရိတ်သတ်ပဲ
လောကဓံ အတက်အကျမှာ
ကျမလည်း မလူးသာမလွန့်သာပေါ့ မောင်ရယ်
ရယ်ရတစ်ရက် ငိုရရက်တစ်ရာ
အချစ်ကြောင့်ပါပဲ
သံယောဇဉ်ကြောင့်ပါပဲ
အနုပညာပေါ်ထားတဲ့ အစွဲအလမ်းကြောင့်ပါပဲ
အတူတူနေမယ် ရည်ရွယ်ချက်တွေလည်း ပျက်ယွင်းခဲ့ရတယ် မောင်ရယ်
ဒီဘဝကို မောင့်နားမှာပဲ ကျမစတေးလိုက်တယ်
ကျမ ဘာများ ထပ်ဆုံးရှုံးစရာ ကျန်သေးလို့လဲ။